(၂၁-၈-၂၀၂၃ ရက်၊ ရီရတ်ဒ်)
ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် H.E. Amb. Mohammed bin Abdulhadi Al-Matrafi အား ၂၁-၈-၂၀၂၃ ရက်၊ (၁၃၀၀) နာရီတွင် ၎င်း၏ ရုံးခန်းသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ASEAN-GCC ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအတွက် ရှေ့လာမည့်နှစ်များတွင် အစိုးရပိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အပြန်အလှန်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

