(၂၇-၉-၂၀၂၃ ရက်၊ ကူမင်း)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်ဇနီးတို့သည် ၂၇-၉-၂၀၂၃ ရက်နေ့၊ (၁၈:၀၀) နာရီတွင် ကူမင်းမြို့ရှိ ယူနန်ပြည်နယ်ပြည်သူ့ အစိုးရ နိုင်ငံခြားရေးရုံး၊ ဧည့်ခန်းမ၌ကျင်းပခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း (၇၄)နှစ်မြောက်အမျိုးသားနေ့ ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Wang Hao နှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် Ms. Yang Mu နှင့် ယူနန်နိုင်ငံခြားရေးရုံးမှတာဝန်ရှိသူများ၊ သံတမန်များ၊ ကူမင်းမြို့အခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့်ဇနီးများ၊ သံတမန်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


