မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီ ၅၀ မိနစ်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် မြန်မာ–ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ (၂၀၂၆–၂၀၂၈) ကို ဆက်လက်အကောင်အထည်ဖော်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အာကာသနည်းပညာ၊ ပညာရေးနှင့် လူငယ်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။





***********
#Reference:PPIB

