(၆-၂-၂၀၂၅ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပထမ) (First Vice Minister) H.E. Mr. Kim Hong Kyun မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်တွင် ဆိုးလ်မြို့ရှိ Lotte Hotel ၌ ပြုလုပ်သည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့အခြေစိုက်၊ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီး ဦးသန့်စင် ပါဝင် တက်ရောက်ခဲ့ပါသည်။
အလုပ်သဘောနေ့လယ်စာစားပွဲတွင် ဒုတိယဝန်ကြီး(ပထမ)က ကိုရီးယားသမ္မတနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသို့ မြှင့်တင်နိုင်ခဲ့ပြီဖြစ်၍ Korea-ASEAN Solidarity Initiative – KASI အောက်မှ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမည့်ကိစ္စနှင့် အာဆီယံတစ်နိုင်ငံချင်းစီနှင့် ဆက်ဆံရေးတိုးမြှင့်သွားနိုင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် အာဆီယံသံအမတ်ကြီးများက ပါဝင်ဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး မြန်မာသံအမတ်ကြီး ဦးသန့်စင်က အာဆီယံနိုင်ငံများအနေဖြင့် KASI အောက်မှ အဓိကလိုအပ်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကိစ္စရပ်များနှင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏အကျိုးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
********************************************

