(၉-၈-၂၀၂၄ ရက်၊ အစ္စလာမာဘတ်မြို့)
ASEAN Committee in Islamabad (ACI) က ကြီးမှူးကျင်းပသည့် (၅၇)နှစ်မြောက် အာဆီယံနေ့ ဧည့်ခံပွဲအခမ်းအနားကို ၈-၈-၂၀၂၄ ရက်နေ့ ၁၉၀၀ နာရီအချိန်တွင် Serena Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏဟန်နှင့် သံရုံးဝန်ထမ်းမိသားစုများ ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အဓိကဧည့်သည်တော်အဖြစ် Petroleum ၀န်ကြီး H.E. Mussadiq Malik၊ အာဆီယံ ဆွေးနွေးဖက်နိုင်ငံသံရုံးများမှ သံတမန်များ၊ အစ္စလာမ်မာဘတ်မြို့ရှိ ဖွံ့ဖြိုးတိုးတက် ရေး မိတ်ဖက်များ အပါအဝင် ပါကစ္စတန်အစိုးရ အေဂျင်စီအသီးသီးမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ စီးပွားရေး အသိုင်းအဝိုင်းနှင့် တတ်သိပညာရှင်များ တက်ရောက်ကြပါသည်။ အဓိကဧည့်သည်တော် ပါကစ္စတန်နိုင်ငံအစိုးရ Petroleum ဝန်ကြီး H.E. Mussadiq Malik နှင့် ACI အလှည့်ကျဥက္ကဌ ဘရူနိုင်းသံအမတ်ကြီး H.E. Pg Hj Kamal Bashah Pg Hj Ahmad တို့က အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများနှင့် ကိုယ်စားလှယ်များ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ မြန်မာသံရုံး၊ အစ္စလာမာဘတ်မြို့မှ မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများနှင့် ပြခန်းတွင် မြန်မာ့ ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာများ၊ လက်မှုပစ္စည်းများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။
********************************



