ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် အာဆီယံတည်ထောင်ခြင်း (၅၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း (၈-၈-၂၀၂၄ ရက်)

( ၈-၈-၂၀၂၄ ရက်၊နန်နင်း )

 ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ ကွမ်တုန်းပြည်နယ်နှင့် ဟူနန်ပြည်နယ် ကောင်စစ် နယ်မြေများကို တာဝန်ယူဆောင်ရွက်သည့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ် ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ကွမ်ကျိုးမြို့ရှိ အာဆီယံကောင်စစ်ဝန်ချုပ်ရုံးအသိုင်းအဝိုင်းဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသည့် ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူး၍ ၈-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၁၃၀) နာရီတွင် ကွမ်ကျိုးမြို့၊ Shangri-La Hotel ၌ ကျင်းပသော အာဆီယံတည်ထောင်ခြင်း (၅၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အဓိကဧည့်သည်တော်အဖြစ် ကွမ်တုန်းပြည်နယ် နိုင်ငံခြားရေးရုံး မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Qian Hong Jie မှ တက်ရောက်ခဲ့ကာ Ms. Qian Hong Jie နှင့် ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ် Mr. Iric Cruz Arribas တို့မှ အမှာစကားများ ပြောကြားခဲ့ကြပါ သည်။ ထို့ပြင် အခမ်းအနားသို့ အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကွမ်တုန်းပြည်နယ်နိုင်ငံခြားရေးရုံး၊ ကွမ်ကျိုးမြို့နိုင်ငံခြားရေးရုံး စသည့်အစိုးရဌာနများမှ တာဝန်ရှိ သူများ၊ ကွမ်ကျိုးမြို့ရှိ နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများမှ သံတမန်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော် စုစုပေါင်း (၂၀၀)ဦးခန့် တက် ရောက်ခဲ့ကြပြီး အာဆီယံနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုဝတ်စုံများ ဝတ်ဆင်ပြသခြင်းစသည့် အစီ အစဉ်များဖြင့် ဖျော်ဖြေခဲ့ကာ အာဆီယံရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

****************************