(၁၁-၁၀-၂၀၂၆၊ နယူးဒေလီ)
ASEAN New Delhi Committee (ANDC) ၏ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သံရုံးက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အာဆီယံဈေးရောင်းပွဲတော်ကို ၁၀-၁၀-၂၀၂၆ ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် ဖိလစ်ပိုင်နိုင်ငံသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံးဝန်ထမ်းမိသားစုများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကိုယ်စားလှယ်များနှင့်အတူ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် အာဆီယံသံရုံးများက သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။
အာဆီယံဈေးရောင်းပွဲတော်ကို နေ့လယ် (၁၃:၀၀) နာရီအချိန်မှ ညနေ (၁၇:၀၀) နာရီအချိန်ထိ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ မြန်မာ့ရိုးရာစားစရာ၊ မြန်မာလက်ဖက်ရည်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြခန်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။





