မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံက Bondi Beach အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသူများအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး

(၁၈-၁၂-၂၀၂၅ ရက်၊ ကင်ဘာရာ)

ဩစတြေးလျဘုရင်ခံချုပ် H.E the Honourable Ms. Sam Mostyn AC. က ဩစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးလ်ပြည်နယ်၊ Bondi Beach ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသူများအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ကင်ဘာရာမြို့ရှိ အစိုးရအိမ်တော်၌ ဖွင့်လှစ်ခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းက ၁၆-၁၂-၂၀၂၅ ရက်နေ့၊ နေ့လယ် ၂:၃၀ နာရီတွင် သွားရောက်လက်မှတ် ရေးထိုးခဲ့ပါသည်။