မြန်မာကောင်စစ်ဝန်ချုပ်နှင့် ချုံချင့်မြို့၊ ယွီကျုံးခရိုင်ပါတီကော်မတီ အတွင်းရေးမှူးတို့ တွေ့ဆုံဆွေးနွေး(၁၂-၁၂-၂၀၂၃ ရက်)

(၁၂-၁၂-၂၀၂၃ ရက်၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ၁၂-၁၂-၂၀၂၃ ရက်နေ့၊ ၁၄၃၀ နာရီတွင် ယွီကျုံးခရိုင် ပါတီကော်မတီ အတွင်းရေးမှူး Mr. Huang Maojun နှင့် ယွီကျုံးခရိုင်ပါတီကော်မတီရုံး၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် ယွီကျုံးခရိုင်သည် ချုံချင့်မြို့၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ တည်ရှိရာ အချက်အချာကျသည့် ခရိုင်တစ်ခု ဖြစ်သည့်အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် မိတ်ဘက်ဆက်ဆံရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ယွီကျုံးခရိုင် ပါတီကော်မတီအကြား ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား နှစ်ဖက်အပြန်အလှန် အကျိုးရှိမည့် စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။