(၂၁-၄-၂၀၂၆ရက်၊ ဘရာဇီးလျား)
ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးသစ်အဖြစ် ခန့်အပ်ရန် အတည်ပြုသဘောတူညီထားပြီးဖြစ်သည့် H.E. Mr. Patrick John Uytiepo Hilado အား ၂၀-၄-၂၀၂၆ ရက် (တနင်္လာနေ့) ၊ ၁၅၀၀ နာရီတွင် မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ဘရာဇီးလျားမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် အိမ်ရှင် ဘရာဇီးလ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ဆက်ဆံရေးနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ-ဘရာဇီးလျား ကော်မတီ၏ လုပ်ငန်းဆောင်တာများနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မြန်မာသံရုံးနှင့် ဖိလစ်ပိုင်သံရုံးတို့အကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သံရုံးအုပ်ချုပ် မှုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာ့နှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်သမ္မတမှ ဖိလစ်ပိုင်နိုင်ငံသား (၇၈) ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးအပ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ H.E. Mr. Patrick John Uytiepo Hilado က ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ကျေးဇူးအထူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။


