ပရာ့ဂ်မြို့တွင်ကျင်းပသည့် (၇၈) နှစ်မြောက် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက်(၂၃-၈-၂၀၂၃ ရက်)

(၂၃-၈-၂၀၂၃ ရက်၊ ပရာ့ဂ်)

မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် အင်ဒိုနီးရှားသံရုံးမှ ကြီးမှူးကျင်းပသည့် (၇၈) နှစ်မြောက် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် အင်ဒိုနီးရှားသံအမတ်ကြီးနှင့် ချက်သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး အင်ဒိုနီးရှားရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခဲ့ကာ ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။