(၂၃-၈-၂၀၂၃ ရက်၊ ကူမင်း)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့အခြေစိုက် ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှုဇုန် ကျင်ချောင် အုပ်ချုပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် Mr. Lv Dong Sheng ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဧည့်ခန်းမ၌ ၂၃-၈-၂၀၂၃ ရက်၊ (၁၀း၃၀) နာရီတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် တရုတ် (ရှန်ဟိုင်း) ကျင်ချောင်အုပ်ချုပ်ရေးဗျူရို လုပ်ငန်းစုတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်(EV) ထုတ်လုပ်ရေးလုပ်ငန်း၊ ဘတ္ထရီလုပ်ငန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အိမ်တွင်းစက်မှုလုပ်ငန်းများ၊ သံ၊ သံမဏိလုပ်ငန်း၊ မြန်မာ့ရာဘာလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် အခြားလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စနှင့်ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ အကူအညီများပေးအပ်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။


