ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ နံနက်ပိုင်းတွင် သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။
ဘယ်လာရုစ်သမ္မတက နိုင်ငံတော်သမ္မတအား ကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ကြသည်။ ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ဘယ်လာရုစ်နိုင်ငံတော်သီချင်းတို့ကို တီးမှုတ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဘယ်လာရုစ်နိုင်ငံဘက်မှလည်း အစိုးရအဖွဲ့ အဆင့်မြင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
***********
#Reference:PPIB






