ဘယ်လာရုစ်နိုင်ငံ၊ Grodno မြို့တွင် တည်ရှိသည့် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အဖွဲ့ သွားရောက်လေ့လာခဲ့သည်။
• စက်ရုံ၏ သမိုင်းကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် နှစ်အလိုက် ဓာတ်မြေဩဇာထုတ်လုပ်နိုင်မှု၊ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနေမှု၊ ဓာတ်မြေဩဇာများအပြင် နိုင်လွန်ကြိုးနှင့် အခြားဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ချိနေမှု၊ မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာတင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းတင်ပြခဲ့ကြောင်း၊
• နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊
Grodno Azot သည် ဘီလာရုစ်နိုင်ငံ Grodno မြို့တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်မှစတင်၍ လည်ပတ်ခဲ့သည့် နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်း ထုတ်လုပ်ရေး စက်ရုံကြီးဖြစ်ပြီး Ammonia၊ Urea နှင့် နိုက်ထရိုဂျင်ဓာတ်မြေဩဇာများကို အဓိကထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
***********
#Reference:PPIB















#Reference:PPIB

