နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ အမှာစကားပြောကြား

(၂၄-၁၂-၂၀၂၅ ၊ နေပြည်တော်)

ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၂၄-၁၂-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့၊ (၁၆:၀၀)နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ ယခင်သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီအနေဖြင့် မိတ်ဆက်တင်ပြကြသည်။

ထိုသို့တင်ပြမှုများပြီးသည့်နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာ၌ ပြည်ပသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအားလုံးအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ပြည်ပသို့ စေလွှတ်ရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူများကိုသာ ရွေးချယ် စေလွှတ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကိုယ်စားပြုသည့်အတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်များ ကိုအလေးထားလိုက်နာစေ လိုကြောင်း၊ မိမိသွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ဓလေ့ စရိုက်နှင့် ယဉ်ကျေးမှုများ ကိုလည်း အလေးထားရမည်ဖြစ်ပါကြောင်း၊ မိမိကိုယ်ကို ပိုမိုကောင်းမွန်အောင် အစဉ်အမြဲ ကြိုးစား ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကို အမှားအယွင်းနည်းအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျန်းမာကောင်းမွန်အောင် နေထိုင်ပြီး စိတ်ကျန်း မာရေး ကောင်းမွန်မှသာလျှင် လုပ်ငန်းအောင်မြင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိကိုယ်ကို သစ္စာရှိခြင်းသည် နိုင်ငံတော်အပေါ် သစ္စာရှိခြင်း ဖြစ်ပါကြောင်း၊ မိမိ၏ပြုမူနေထိုင်မှုများကို ချင့်ချိန်သုံးသပ်၍ လုပ်သင့်လုပ်ထိုက်သည်ကိုသာ လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိ၏ အပြုအမူ၊ အနေအထိုင်၊ အသွားအလာများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည့်အတွက် မိမိ ကိုယ်ကိုတန်ဖိုးထားတတ်ပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ရင်ဆိုင်ကြုံ တွေ့ရမည့် စိန်ခေါ်မှုများကို အခွင့်အရေးအဖြစ် ပြောင်းလဲပြီး အကောင်းဆုံးကြိုးစားဖြတ်ကျော်ကြ ရမည်ဖြစ်ပါကြောင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

သံတမန်တစ်ဦးအနေဖြင့် အနည်းဆုံး ဘာသာစကားတစ်မျိုး တတ်မြောက်ထားရမည် ဖြစ်ပြီး သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ ဘာသာစကားကိုလည်း မရှက်မကြောက် တတ်နိုင်သမျှကြိုးစားလေ့လာသင်ယူစေလိုပါကြောင်း၊ မိမိအတွက်သာမက မိမိ၏သားသမီးများကို လည်း ဘာသာစကားတတ်မြောက်အောင် သင်ကြားပေးစေလိုကြောင်း၊ မိမိတို့၏ သံတမန် ဝန်ထမ်းများအား ပြည်ပတွင် အခြားနိုင်ငံများနည်းတူ Facility အပြည့်ထားရှိပေးပါကြောင်း၊ သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး(Diplomatic Characteristic)များကို မြင့်မားအောင်ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှု Loyalty ဖြစ်ပါကြောင်း၊ သံတမန်များအနေဖြင့် Communication Skill ၊ Language Skill ၊  Negotiation Skill အရည်အသွေးများကို အစဉ်လေ့လာဆည်းပူး၍ မြှင့်တင်စေလိုပါကြောင်း၊ မိမိ၏ကိုယ်ကျိုးစီးပွားနှင့် လွတ်လပ်မှုအတွက် မိမိ၏နိုင်ငံ၊ မိမိ၏ဌာနနှင့် သူတစ်ပါး၏အခွင့်အလမ်းကို  မထိခိုက်စေဘဲ ဆင်ခြင်တုံတရားဖြင့် ချင့်ချိန်သုံးသပ်နေထိုင်သွားစေ လိုပါကြောင်း၊ ပြည်ပတွင် မိမိနှင့် နိုင်ငံရေးအမြင်မတူသူများအား ပြောဆိုဆက်ဆံရာတွင် မိမိ အနေဖြင့် သဘောထားတင်းမာမှုမရှိဘဲ မှန်ကန်သောအမြင်၊ ကောင်းမွန်သောအခြေအနေသို့ ရောက်ရှိအောင် ပြုမူပြောဆိုဆောင်ရွက်စေလိုပါကြောင်း၊

မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပထဝီအနေအထားများကို မှန်မှန်ကန်ကန် သိရှိရန် လိုအပ် ပါကြောင်း၊ မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ နိုင်ငံတကာနှင့် ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ မိမိကိုယ်ကို‌ကောင်းအောင် ကြိုးစားပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်း စည်းလုံးညီညွတ်မှုရှိခြင်းသည် National Characteristic ကိုလည်း မြှင့်တင်ရာရောက်ပါကြောင်း၊

ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်ကို ကိုယ်စားပြုပြီး သွားရောက်တာဝန်ထမ်း ဆောင်ခြင်းဖြစ်၍ မိမိကိုယ်ကိုနှင့် နိုင်ငံတော်အပေါ် သစ္စာရှိရန် အလေးအနက် မှာကြားလိုပါ ကြောင်း၊ ဂုဏ်သိက္ခာရှိသူဖြစ်စေရန် အမှားအယွင်းမရှိအောင် နေထိုင်သွားစေလိုပါကြောင်း၊ စိန်ခေါ် မှုများကို သင်ခန်းစာယူ၍ မိမိတို့၏ အတွေ့အကြုံများဖြင့် အကျိုးရှိအောင် အသုံးချစေလိုပါ ကြောင်း၊ သင်ယူလေ့လာမှုကို စဉ်ဆက်မပြတ်ကြိုးစားစေလိုကြောင်း၊ ဝန်ထမ်းများ အချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်နှင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် မှာကြားလို ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတာဝန်များကို အောင်မြင်စွာဖြင့် ထမ်းဆောင်နိုင် ကြပါစေကြောင်းနှင့် ကြီးပွားတိုးတက်အောင်မြင်စေလိုကြောင်း ဆုတောင်းစကားပြောကြားခဲ့ ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။