(၃-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး (လစာနှုန်း ကျပ် ၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀) ရာထူး (၂၀) နေရာအတွက် လျှောက်ထားနိုင်ပါသည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာပုံစံနှင့်အတူ လိုအပ်သည့်စာရွက်စာတမ်းများပူးတွဲ၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်သို့ ကြော်ငြာသည့်နေ့မှစ၍ ၃၀-၁၁-၂၀၂၃ ရက် (ကြာသပတေးနေ့) နောက်ဆုံးထားပြီး လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန်အတွင်း လာရောက်လျှောက်လွှာတင်သွင်းနိုင်သည်။ Online မှ လျှောက်ထားလိုပါက https://forms.gle/cSqZdmiWFxNfygvK6 တွင် ဖြည့်သွင်း၍ လျှောက်ထားနိုင်ပါသည်။
အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ စုစုပေါင်း (၃) နာရီမေးခွန်းဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရေးဖြေအောင်မြင်သူများကိုသာ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲ ဖြေဆိုမည့်ရက်နှင့် ဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်တို့အား နိုင်ငံခြားရေးဝန်ကြီးဌာန website နှင့် Facebook Page တို့တွင် အသိပေးဖော်ပြသွားမည်ဖြစ်ပါသည်။
စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အခြားအောင်လက်မှတ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြား စသည်တို့ကို မူရင်းတင်ပြနိုင်ရပါမည်။ အသေးစိတ်သိရှိလိုပါက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၂၃၃၄ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

