ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sirilak Niyom နှင့် တွေ့ဆုံခဲ့ခြင်း

(၂၇-၁၁-၂၀၂၆ ရက်၊ ဗန်ကောက်မြို့)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sirilak Niyom နှင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက အပြည်ပြည်ဆိုင်ရာတရားရုံးက ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် သဘောထား၊ (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည့် အခြေအနေတို့အပေါ် ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။