(၂၇-၁၁-၂၀၂၆၊ ချုံချင့်)
ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်အစိုးရ၊ နိုင်ငံခြားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖုန်ဇီမင်အား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀:၀၀ နာရီတွင် ချုံချင့်မြူနီစီပယ်အစိုးရ၊ နိုင်ငံခြားရေးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်ဖက်အကြား ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး စသည့်ကဏ္ဍအသီးသီးတွင် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာခဲ့သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အဆိုပါကဏ္ဍများတွင် အနာဂတ်၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်ဖက်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရန် ချစ်ကြည်ရေး ညီအစ်မမြို့တော် ဆက်ဆံရေးများကိုလည်း ပိုမိုထူထောင်သွားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

