ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အိုမန်နိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

(၂၁-၁၁-၂၀၂၅၊ ရီရတ်ဒ်)

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးနေမျိုးဦးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ (၁၉:၀၀) နာရီအချိန်တွင် ရီရတ်ဒ်မြို့ Mandarin Oriental Hotel ၌ ကျင်းပခဲ့သည့် အိုမန်နိုင်ငံ၏အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ ရီရတ်ဒ်မြို့အခြေစိုက်သံရုံးများမှသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။