(၂၁-၁၁-၂၀၂၅ ရက်၊ ဖနောင်ပင်)
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ၂၀-၁၁-၂၀၂၅ ရက်တွင် ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းမှုဗဟိုဌာန (ARMAC) အတွင်းရေးမှူးရုံး၌ ARMAC ဦးဆောင်ကော်မတီဥက္ကဋ္ဌ မလေးရှားသံအမတ်ကြီးက ကြီးမှူး၍ အဖွဲ့ဝင်အသစ်ဖြစ်သည့် တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီးအား အာဆီယံမိုင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းသော အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ ပါသည်။ အဆိုပါ အလွတ်သဘောဆွေးနွေးပွဲသို့ အခြားသောအာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ ပါဝင်တက် ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

