(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅-၆ ရက်၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ၅-၁၂-၂၀၂၃ ရက်နေ့၊ ၁၅:၀၀ နာရီတွင် ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားဖွံ့ဖြိုးရေး ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် Mr. Ran Huazhang အားလည်းကောင်း၊ ၆-၁၂-၂၀၂၃ ရက်နေ့၊ ၁၀:၀၀ နာရီတွင် ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu အားလည်းကောင်း သက်ဆိုင်ရာဌာနများ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ယဉ်ကျေးမှုနှင့် ခရီးသွားဖွံ့ဖြိုးရေးကော်မရှင်၊ ညွှန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံစဉ် ချုံချင့်မြို့တွင် ပြုလုပ်သည့် နိုင်ငံတကာ ယဉ်ကျေးမှုနှင့် ခရီးသွားဖွံဖြိုးရေး ပြပွဲများနှင့် ဆွေးနွေးပွဲများတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့အကြား ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
စီးပွားရေးရာကော်မရှင်၊ ညွှန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံစဉ် ချုံချင့်မြို့၏ စီးပွားရေးနှင့် ကုန်သွယ်မှုအခြေအနေများ၊ ချုံချင့်မြို့မှ နိုင်ငံတကာကုန်သွယ်ရေး လမ်းကြောင်း ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့အကြား စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့ ကုန်သွယ်မှု တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။




