ကူဝိတ်နိုင်ငံရှိ မြန်မာသံအမတ်ကြီး (၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် (၉-၈-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီ (ASEAN Committee in Kuwait – ACK) သည် (၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက်၊ ၁၁၃၀ နာရီတွင် ကူဝိတ်နိုင်ငံရှိ မလေးရှားသံရုံး၌ ကျင်းပခဲ့ရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားကို ACK ၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး H.E. Mr. Sulaini Said က ဦးဆောင်၍ မလေးရှားသံရုံးနှင့် ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားသည့် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာလက်ထောက်ဝန်ကြီး H.E. Mr. Nawaf Abdulatif Sulaiman Al-Ahmed နှင့် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ကူဝိတ်ရှိ အာဆီယံသံရုံးများမှ သံတမန်များ၊ ၎င်းတို့၏မိသားစုဝင်များနှင့် ကူဝိတ်မြို့ရှိ သတင်းဌာနများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။