ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်က ယူနန်ပြည်နယ်၊ ပေါင်စန်းမြို့ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ခြင်း

(၁၆-၁၀-၂၀၂၆၊ ကူမင်း)

ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် ယူနန်ပြည်နယ်၊ ပေါင်စန်းမြို့ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူး Mr. Zhao Jihui နှင့်အဖွဲ့ကို ၁၆-၁၀-၂၀၂၆ ရက်၊ နေ့လယ်ပိုင်းတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နှင့် ယူနန်ပြည်နယ်၊ ပေါင်စန်းတို့သည် ကီလိုမီတာ ၁၆၀၀ ကျော်ခန့် ထိစပ်နေပြီး၊ ရှေးယခင်ကတည်းကပင် ထိတွေ့ဆက်ဆံမှုများရှိခဲ့ကြောင်း၊ ဆက်လက်၍လည်း နှစ်ဖက်အကြား ရေရှည်ဆောင်ရွက်မည့်ကိစ္စရပ်များ အထူးသဖြင့် မီးရထားလမ်း၊ နယ်စပ်ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ပညာသင်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံပူးပေါင်းကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကောင်စစ်ဝန်ချုပ်ရုံးနှင့် ပေါင်စန်းတို့အကြား အတွေ့အကြုံ၊ အကြံဉာဏ်များ ဖလှယ်၍ ပိုမိုရင်းနှီးစွာ ထိတွေ့ဆက်ဆံနိုင်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။