(၁၇-၁၁-၂၀၂၅ ရက်၊ ဆိုးလ်)
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ Okcheon-gun ၊ Dae Yaksasa ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည့် Yoraeseon Meditation Center ဖွင့်ပွဲအခမ်း အနားနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ပါရမီဘုရားကျောင်းမှ ပင့်ဆောင်လာသည့် ဗုဒ္ဓဓာတ်တော် မွေတော် (၈) ဆူအား Dae Yaksasa ဘုရားကျောင်းသို့ အပ်နှင်းပွဲအခမ်းအနားတို့သို့ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှ စစ်သံမှူးတို့နှင့်အတူ Dae Yaksasa ဘုရားကျောင်းမှ ပဓါနဆရာတော်ကြီးများ၊ ဖိတ်ကြားထားသည့် ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ဆရာတော်ကြီးများ၊ သီလရှင်များ နှင့် အခြားဗုဒ္ဓဘာသာဝင် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Dae Yaksasa ဘုရားကျောင်း၏ ပဓါန ဆရာတော်ကြီးများ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ဖိတ်ကြားထားသော ဆရာတော် ကြီးများနှင့်အတူ Yoraeseon Meditation Center အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ၎င်းနောက် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့် မြန်မာစစ်သံ (ကြီး၊ ရေ၊ လေ) ရုံးမှ စစ်သံမှူးတို့က Yoraeseon Meditation Center (တရားစခန်း) ဖွင့်လှစ်ခြင်းနှင့် ဗုဒ္ဓဓာတ်တော် မွေတော်များကို အပ်နှင်းရခြင်းတို့အတွက် ဝမ်းမြောက်မုဒိတာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။
ယင်းနောက် Dae Yaksasa ဘုရားကျောင်း၏ ဦးစီးပဓါနဆရာတော်ကြီး Most Venerable Myung An က မြန်မာနိုင်ငံ၊ ပါရမီဘုရားကျောင်းမှ ဓာတ်တော်မွေတော်များအား လှူဒါန်းခဲ့ခြင်း အပေါ် ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခဲ့ပြီးနောက် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာနိုင်ငံမှ ပင့်ဆောင်လာသည့် ဓာတ်တော်မွေတော်များကို Dae Yaksasa ဘုရားကျောင်းတွင် ဌာပနာတည်ထားကိုးကွယ်ရန် အပ်နှင်းခွင့်ရရှိသည့်အတွက် လွန်စွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ယခုကဲ့သို့ မြင့်မြတ်သောဗုဒ္ဓအမွေအနှစ်များကို ဖလှယ်မှုမှတစ်ဆင့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ရင်းနှီးချစ်ခင်မှုကို ပိုမိုခိုင်မာလာစေမည် ဖြစ်ပါ ကြောင်း စသည်ဖြင့် မုဒိတာစကား ပြောကြားခဲ့ပါသည်။
ယင်းနောက် အဆိုပါ ပါရမီဘုရားကျောင်းမှ ပင့်ဆောင်လာသည့် ဓာတ်တော်မွေတော် (၈) ဆူ အား မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က Dae Yaksasa ဘုရား ကျောင်းသို့ အပ်နှင်းကာ အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

