ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါ နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ(၁၉-၁၁-၂၀၂၅ ရက်၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကနေဒါနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E Mr. Pham Vinh Quang အား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၃၀) နာရီတွင် အော်တာဝါမြို့ရှိ ဗီယက်နမ် သံရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ဗီယက်နမ်သံအမတ်ကြီးက ၎င်း၏တာဝန်ထမ်းဆောင်သည့်ကာလ အတွင်း ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများနှင့် လက်ရှိတွင် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူစဉ် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများနှင့် ရှေ့ဆက်လုပ်ဆောင်မည့်အစီအစဉ်များကို မျှဝေခဲ့ပြီး နှစ်နိုင်ငံသံအမတ်ကြီး များသည် မြန်မာ–ဗီယက်နမ် ဆက်ဆံရေး၊ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရေး၊ ကနေဒါနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးမြှင့်တင်မှုအပါအဝင် မဟာဗျူဟာ မြောက်မိတ်ဖက်ဆက်ဆံရေးအခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာ နိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ အသိပေးပြောကြားခဲ့ပြီးနောက် ဗီယက်နမ်သံအမတ်ကြီးထံသို့ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။