ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဗင်ကူးဗားမြို့ အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အား လက်ခံတွေ့ဆုံ(၂၅-၄-၂၀၂၃ ရက်)

(၂၅-၄-၂၀၂၃ ရက်၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်၊ (၁၄၃၀) နာရီတွင် ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗင်ကူးဗားမြို့ အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Dr. Peter Chung အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးအသိပေးခဲ့ပြီး၊ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ပေးရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံ တို့အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။