သံအမတ်ကြီး ဦးလွင်ဦး ဘယ်လာရုစ်နိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်(၆-၁၀-၂၀၂၂ ရက်)

(၆-၁၀-၂၀၂၂ ရက်၊ နေပြည်တော်)

ဘယ်လာရုစ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးလွင်ဦးသည် ၄င်း၏ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၊ လွတ်လပ်ရေးနန်းတော်၌ ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား ဂရီဂိုရီဗစ်ချ် လူကာရှန်ကို ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။