အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး (၈) ကြိမ်မြောက် Global Literary Festival Noida 2022 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်(၆-၁၀-၂၀၂၂ရက်)

(၆-၁၀-၂၀၂၂ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၆-၁၀-၂၀၂၂ ရက်မှ ၈-၁၀-၂၀၂၂ ရက်အထိ အိန္ဒိယနိုင်ငံ၊ နွိုင်ဒါမြို့၊ Marwah Studio Complex တွင် အိန္ဒိယနိုင်ငံရှိ Asian Academy of Arts နှင့် International Chamber of Media & Entertainment Industry (ICMEI) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် (၈) ကြိမ်မြောက် Global Literary Festival Noida 2022 ဖွင့်ပွဲ အခမ်းအနားသို့ အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။ မြန်မာသံအမတ်ကြီးနှင့်အတူ အငြိမ်းစား အိန္ဒိယတပ်မတော်ဦးစီးချုပ် (ကြည်း)နှင့် အရူနာချယ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဗိုလ်ချုပ် JJ Singh ၊ ICMEI ဥက္ကဋ္ဌ Mr. Sandeep Marwah အပါအဝင် စာပေနှင့် ရုပ်ရှင်နယ်ပယ်မှပုဂ္ဂိုလ်များက အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြပြီး ‘Love, Peace & Unity through Literature’ ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပါသည်။ (၃) ရက်ကြာ ကျင်းပသည့် အဆိုပါ ပွဲတော်တွင် စာပေဆွေးနွေးပွဲများ၊ စကားဝိုင်းများ၊ စာပေဆိုင်ရာပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲများ၊ စာအုပ်မိတ်ဆက်ပွဲများ စုံစုံလင်လင်ပါဝင်ကာ အိန္ဒိယနိုင်ငံအနှံ့အပြားနှင့် နိုင်ငံရပ်ခြားမှ စာပေနှင့် ရုပ်ရှင်အနုပညာဆိုင်ရာ ပညာရှင်များ၊ ဝါသနာရှင်များ၊ အနုပညာကျောင်းသားများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။