(၁၆-၁၀-၂၀၂၆၊ ပရာ့ဂ်)
မြန်မာသံရုံး၊ ပရာ့ဂ်မြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ဖြိုးသူဇာအောင်သည် ၁၂-၁၀-၂၀၂၆ ရက်နေ့တွင် ပရာ့ဂ်မြို့အခြေစိုက် သံတမန်အဖွဲ့နာယက ချက်သမ္မတနိုင်ငံဆိုင်ရာ Holy See (ဗာတီကန်) သံအမတ်ကြီး ဂိုဏ်းချုပ်ဆရာတော် H.E. Archbishop Eugene Martin Nugent ကို သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထို့ပြင် သံရုံးယာယီတာဝန်ခံသည် ၁၅-၁၀-၂၀၂၆ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီတွင် ချက်သမ္မတနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Raveesh Kumar အားလည်းကောင်း၊ ညနေ ၁၇:၀၀ နာရီတွင် တရုတ်သံအမတ်ကြီး H.E. Mr. Zhou Qian အားလည်းကောင်း အသီးသီးသွားရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုများတွင် သံတမန်အဖွဲ့နာယက သံအမတ်ကြီး၊ အိန္ဒိယသံအမတ်ကြီး၊ တရုတ်သံအမတ်ကြီးတို့နှင့် နှစ်နိုင်ငံဆက်ဆံရေး၊ ချက်သမ္မတနိုင်ငံဆိုင်ရာ သံတမန်ဓလေ့ထုံးတမ်းများနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။



