မြန်မာသံရုံးတိုကျိုမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး (၃၂၉) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို)အစည်းအဝေးတက်ရောက်ကျင်းပ

(၂၁-၄-၂၀၂၆ ရက်၊ တိုကျို)

ဂျပန်နိုင်ငံရှိ အာဆီယံကော်မတီ(တိုကျို)၏ (၃၂၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံရှိ ဖိလစ်ပိုင်သံရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ထွန်းနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ တစ်နှစ်တာအတွင်းအာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင်ကျင်းပ မည့်လှုပ်ရှားမှုများ ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အဆိုပါအစည်းအဝေးနှင့်တစ်ဆက်စပ်တည်း အာဆီယံကော်မတီ(တိုကျို)နှင့် ဂျပန် နိုင်ငံ၊ လူဦးရေနှင့် လူမှုဖူလုံရေးဆိုင်ရာ အမျိုးသားသုတေသနဌာန၊ ညွှန်ကြားရေးမှူးချုပ် Dr. Reiko Hayashi နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် အနောက်တောင် အာရှရေးရာဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Shingo Miyamoto တို့နှင့် Lunch Talk ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် Dr. Reiko Hayashi ၊ Mr. Shingo Miyamoto နှင့် အာဆီယံ အမတ်ကြီးများမှ ဂျပန်နိုင်ငံ၏ လူမှုဖူလုံရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဂျပန်နိုင်ငံတွင် လာရောက်နေထိုင်ကြသည့် နိုင်ငံခြားသားများ၏ ကောင်စစ်ရေးရာနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။