ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းအား မြန်မာသံရုံး၊ ကူဝိတ်မြို့တွင်ဆောင်ရွက်ခဲ့ခြင်း(၆-၁၂-၂၀၂၅ ရက်၊ ကူဝိတ်)

မြန်မာသံရုံး၊ ကူဝိတ်မြို့ရုံးမှ သံရုံးဝန်ထမ်းများ၊ ၎င်းတို့၏မိသားစုဝင်များနှင့် ကူဝိတ် နိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းအား မြန်မာသံရုံး၊ ကူဝိတ်မြို့တွင် ၄-၁၂-၂၀၂၅ရက် (ကြာသပတေးနေ့)မှ ၆-၁၂-၂၀၂၅ရက် (စနေနေ့)အထိ ဆောင်ရွက်ခဲ့ပါသည်။