(၁၁-၁၂-၂၀၂၃ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံ၊ ဥတ္တရခန်းပြည်နယ်၊ ဒါရာဒွန်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Uttarakhand Global Investor Summit 2023 (UKGIS) သို့ ဥတ္တရခန်းပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။
အဆိုပါ UKGIS ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒြာမိုဒီ က အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ အစိုးရအရာရှိများ၊ သံတမန်များ၊ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများဖြင့် ကိုယ်စားလှယ် စုစုပေါင်း (၅,၀၀၀) ကျော် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယနိုင်ငံမှ အရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များအပြ င် တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအခွင့်အလမ်းနှင့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



