CII National Committee on ASEAN and Oceania Region တွေ့ဆုံဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်အမှာစကားပြောကြား (၁၁-၅-၂၀၂၃ ရက်)

(၁၁-၅-၂၀၂၃ ရက်၊ နယူးဒေလီ)

CII National Committee on ASEAN and Oceania Region တွေ့ဆုံဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry – CII) က ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်‌၊ ဒေသစံတော်ချိန် ( ၁၃:၄၅) နာရီတွင် နယူးဒေလီမြို့ရှိ India Habitat Center ၊ Magnolia Hall ၌ ကျင်းပရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ CII National Committee on ASEAN and Oceania Region ဥက္ကဋ္ဌ၊ အာဆီယံနိုင်ငံများနှင့် သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ ဒုတိယသံရုံးအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာသံအမတ်ကြီးက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များကို ဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။