နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ ဒုတိယအတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ(၈-၅-၂၀၂၃ ရက်)

(၈-၅-၂၀၂၃ ရက်၊ နန်နင်း)

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား ကုန်သွယ်မှု မြှင့်တင်ရေးနှင့် China-Myanmar Innovation Demonstration Park တည်ထောင်နိုင်ရေး အစရှိသည့်ကိစ္စများ ဆွေးနွေးရန်အတွက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (China-ASEAN Business and Investment Summit- CABIS) အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ ဒုတိယအတွင်းရေးမှူးချုပ် Mr. Ding Yuanlong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်း အား ၈-၅-၂၀၂၃ ရက်နေ့၊ (၁၅၃၀) နာရီတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် နန်နင်းမြို့၌ ကျင်းပမည့် (၂၀)ကြိမ် မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (China-ASEAN Expo) ကျင်းပနိုင်ရေး ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်များ တိုးမြှင့်တင်ပို့ရေးကိစ္စများ နှင့် China-Myanmar Innovation Demonstration Park တည်ထောင်ရေး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအပြင် အနာဂတ်တွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။