အမျိုးအစား: Press Release
IIMM ဟုဆိုသည့် ယန္တရား၏ နှစ်စဉ်အစီရင်ခံစာဖြစ်သည့် (A/HRC/63/19) နှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်
(၁၆-၈-၂၀၂၆၊ ဂျီနီဗာ) ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ကျင်းပခဲ့သည့် (၃၉) ကြိမ်မြောက် လူ့အခွင့် အရေးကောင်စီ (Human Right Council- HRC) ၏ ဆုံးဖြတ်ချက်အမှတ် ၃၉/၂ အရ…
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၊ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာကြသည့် လှေစီးဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားရှိ စခန်းများတွင် နေထိုင်လျက်ရှိသူများနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အမျိုးမျိုးအဖုံဖုံ ပုံဖော်ရေးသားလျက် ရှိကြပါသည်။ ယင်းသို့ ရေးသားထုတ်ဝေ၊ ထုတ်လွှင့်ပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက်မှားများအပေါ် အခြေခံလျက် တစ်ဖက်စောင်းနင်း…
ဦးစိုးသက်နောင် အား ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် မြန်မာသံရုံး၊ ရောမမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးသက်နောင် အား ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနေပြည်တော်ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်
ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့မှုနှင့်စပ်လျဉ်း၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် မစ္စတာ Arnaud de…
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်…
သံအမတ်ကြီး ဦးမောင်မောင်စိုး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်
ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမောင်မောင်စိုး သည် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက် (အင်္ဂါနေ့) တွင် မင့်စ်မြို့ရှိ သမ္မတအိမ်တော်၌ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကို…
အာဆီယံတူညီဆန္ဒ (၅) ရပ်ဟုဆိုသော အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် (၂၃-၇-၂၀၂၆၊ နေပြည်တော်)
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာ့အရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံက (၁) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အကြံပြုချက်အချို့သည်…
သံအမတ်ကြီး ဦးဇော်ဝင်းမြင့် အား မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် (၂၂-၇-၂၀၂၆၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဝင်းမြင့် အား ၎င်း၏လက်ရှိတာဝန်ဝတ္တရားများအပြင် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနေပြည်တော်ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်
သံအမတ်ကြီး ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဩစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမင်းသိမ်း အား ကူဝိတ်နိုင်ငံဆိုင်ရာအထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ် လိုက်ပြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနေ ပြည် တော်ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊…

