မြန်မာနိုင်ငံနှင့် နီကာရာဂွါသမ္မတနိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် (၅) နှစ်ပြည့် အထိမ်းအမှတ်အခါသမယတွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန်ပေးပို့

၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နီကာရာဂွါသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် (၅) နှစ်ပြည့် အထိမ်းအမှတ် အခါသမယတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီကာရာဂွါသမ္မတနိုင်ငံ၊ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာ…

နိုင်ငံတကာအသိုက်အဝန်းက မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်များကိုအသိအမှတ်ပြုရန် တောင်းဆို (၁၀-၇-၂၀၂၅ရက်)

(၁၀-၇-၂၀၂၅ရက်၊နေပြည်တော်) ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၉ ကြိမ်မြောက် အစည်းအဝေးအတွင်း မြန်မာ နိုင်ငံဆိုင်ရာ အစီရင်ခံစာများ၊ အပြန်အလှန်ဆွေးနွေးမှုနှင့် ပကတိမြေပြင်အခြေအနေမှန်များနှင့် လုံးဝကိုက်ညီခြင်းမရှိဘဲ နိုင်ငံရေးအရ လိုရာဆွဲပုံဖော်ထားသည့် ဆုံးဖြတ်ချက်အဆိုတို့ကို မြန်မာ အစိုးရ၏ ကိုယ်စားလှယ်ပါဝင်ခြင်းမရှိဘဲ တစ်ဖက်သတ် ဆွေးနွေးအတည်ပြုခဲ့ခြင်းကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံ၌…

လူ့အခွင့်အရေးကောင်စီ၏ (၅၉) ကြိမ်မြောက်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်း အတည်ပြုချမှတ်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်

(၇-၇-၂၀၂၅ ရက်) လူ့အခွင့်အရေးကောင်စီ၏ (၅၉)ကြိမ်မြောက်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းအမှတ် A/HRC/59/L.21 (နှုတ်ဖြင့်ပြင်ဆင်ချက်) ကို ၄-၇-၂၀၂၅ ရက်တွင် မဲမခွဲဘဲ အတည်ပြုချမှတ်ခဲ့သည်။ ယင်းအဆိုမူကြမ်းကို အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)ကိုယ်စား ပါကစ္စတန်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်…

လူ့အခွင့်အရေးကောင်စီ၏ (၅၉) ကြိမ်မြောက်အစည်းအဝေးကာလအတွင်း ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဆိုသူတို့၏ ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက် (၂၇-၆-၂၀၂၅ ရက်)

(၂၇-၆-၂၀၂၅ ရက်၊ ဂျီနီဗာမြို့) ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၅၉)ကြိမ်မြောက် အစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဆိုသူတို့၏ ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုကို သက်ဆိုင်သည့် နိုင်ငံအား ပါဝင်ခွင့်မပြုဘဲ ၂၇-၆-၂၀၂၅ ရက်တွင်…

ဦးစိန်ဦး အား ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်(၂၅-၄-၂၀၂၅ရက်)

(၂၅-၄-၂၀၂၅ရက်၊ နေပြည်တော်) ​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးစိန်ဦး အား ဘရူနိုင်း ဒါရူဆလမ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။

ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ် (၂၅-၃-၂၀၂၅ ရက်)

(၂၅-၃-၂၀၂၅ ရက်၊ နေပြည်တော်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။

(၅၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဆိုသူနှင့် အပြန်အလှန်ဆွေးနွေးပွဲအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက် (၂၀-၃-၂၀၂၅ ရက်)

(၂၀-၃-၂၀၂၅ ရက်၊ ဂျီနီဗာ) (၅၈)ကြိမ်မြောက် ပုံမှန်လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက် နှင့် ၂၀ ရက်များတွင် ဒုတိယအကြိမ် မြန်မာနိုင်ငံဆိုင်ရာ အပြန်အလှန် ဆွေးနွေးပွဲကို သက်ဆိုင်ရာနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအား…

ပြည်ပနိုင်ငံမှ ပြည်နှင်သဖြင့် ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံ (၂၁-၃-၂၀၂၅ ရက်)

(၂၁-၃-၂၀၂၅ ရက်၊ ရန်ကုန်) ကမ္ဘာ့နိုင်ငံများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အကျိုးစီးပွားကို ထိပါးသူ သို့မဟုတ် ရာဇဝတ်မှုများ ကျူးလွန်ထားသူ၊ တရားမဝင် ရွှေ့ပြောင်းရောက်ရှိသူ နိုင်ငံခြားသားများအား ဥပဒေကြောင်းအရ ပြည်နှင်မှုများကို ပြုလုပ်လေ့ရှိကြပါသည်။ အလားတူပင် အမေရိကန်အစိုးရ သစ်၏ ဦးစားပေးမူဝါဒများအရ…

သံအမတ်ကြီး ဦးသစ်လင်းအုန်း ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတထံ ခန့်အပ်လွှာပေးအပ် (၁၃-၃-၂၀၂၅ ရက်)

(၁၃-၃-၂၀၂၅ ရက်၊ နေပြည်တော်) ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၊ သမ္မတနန်းတော်၌ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား…

လူ့အခွင့်အရေးကောင်စီ၏ (၅၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အပြန်အလှန်ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက် (၅-၃-၂၀၂၅ ရက်)

(၅-၃-၂၀၂၅ ရက်၊ ဂျီနီဗာ) ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၅၈)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ နှုတ်ဖြင့် အစီရင်ခံတင်ပြချက်နှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပွဲကို ၂၈-၂-၂၀၂၅ ရက်နှင့် ၃-၃-၂၀၂၅ ရက်များတွင် ကျင်းပပြုလုပ်ခဲ့သည်။ သက်ဆိုင်သည့်နိုင်ငံအား ပါဝင်ခွင့်မပြုဘဲ…