တောင်အာဖရိကသမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး အခြားသံတမန်များနှင့်အတူ ဒေသခံပြည်သူများသို့ ကျန်းမာရေး အထောက်အပံ့ပစ္စည်းများ စုပေါင်းလှူဒါန်း

(၁၁-၃-၂၀၂၂ ရက်၊ ပရီတိုးရီးယား) တောင်အာဖရိက သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမြင့်ဆွေသည် တောင်အာဖရိကသမ္မတနိုင်ငံ၊ Limpopo ပြည်နယ် Mokgopong မြို့၌ ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့်…

မြန်မာကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့ ကွမ်တုန်းပြည်နယ်၊ ကျန့်ကျန်းမြို့သို့ သွားရောက်၍ မြန်မာနိုင်ငံသားကိစ္စရပ်များဆောင်ရွက်

(၃-၂-၂၀၂၂ ရက်၊ နန်နင်း) ၁။ တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု၊ နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှုတို့ဖြင့် ကွမ်တုန်းပြည်နယ်၊ ပြည်သူ့လုံခြုံရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မြန်မာနိုင်ငံသားဟု ထွက်ဆိုသူများအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်…

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့သို့ လှူဒါန်းမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား နန်နင်းနိုင်ငံခြားရေးရုံးမှ မြန်မာကောင်စစ်ဝန်ချုပ်ထံ လာရောက်လွှဲပြောင်းပေးအပ်

(၂၈-၁-၂၀၂၂ ရက်၊ နန်နင်း) ၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့အစိုးရသည် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် အောက်ဆီဂျင်စက် (၁၀)လုံး၊ N95 Mask အရေအတွက် (၅၆၀၀)၊ Facial Mask အရေအတွက် (၂၀၀၀) နှင့်…

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် ASEAN New Delhi Committee (ANDC) ၏ (၁၁၈) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်

(၂၀-၁-၂၀၂၂ ရက်၊ နယူးဒေလီ)  ၁။ (၁၁၈) ကြိမ်မြောက် အာဆီယံ-နယူးဒေလီကော်မတီ (ANDC) အစည်းအဝေးအား ၂၀-၁-၂၀၂၂ ရက်၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။ …

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံရုံးယာယီတာဝန်ခံ သံအမတ်ဦးမြင့်ထွန်း KEDAH ပြည်နယ် BELANTIK ထိန်းသိမ်းရေးစခန်းသို့သွားရောက်ပြီးကောင်စစ်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ပေးခဲ့

မြန်မာသံရုံး၊ ကွလာလမ်ပူမြို့မှ သံရုံးယာယီတာဝန်ခံ သံအမတ်ဦးမြင့်ထွန်းသည် ၁၃-၁-၂၀၂၂ ရက်နေ့ KEDAH ပြည်နယ် BELANTIK ထိန်းသိမ်းရေးစခန်းသို့သွားရောက်ပြီး စခန်းတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အထိန်းသိမ်းခံမြန်မာနိုင်ငံသားမျာနှင့်တွေ့ဆုံ၍အားပေးစကားပြောကြားခြင်း၊ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုင်ဝမ်(တရုတ်-တိုင်ပေ) မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား (၁၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

(၁၆-၁-၂၀၂၁ ရက်၊ ဟောင်ကောင်) ၁။ ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများသည် Covid-19 ကူးစက်ရောဂါကာလအတွင်း လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် နေရပ်ပြန်ရန် အခက်အခဲ ကြုံတွေ့နေကြရာ နေရပ်သို့…

တရုတ်ပြည့်သူ့သမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ မြန်မာ-တရုတ်နယ်စပ်မြို့(၅)မြို့သို့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး(၁)သန်းအား ပေးအပ်လှူဒါန်း

(၁၁-၁-၂၀၂၂ ရက်၊ ကူမင်း) တရုတ်ပြည့်သူ့သမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ မြန်မာ-တရုတ်နယ်စပ်မြို့ (၅)မြို့သို့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး(၁)သန်း လွှဲပြောင်းပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယူနန်ပြည်နယ် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးစင်တာ၌ ၁၁-၁-၂၀၂၂ ရက်နေ့ (၀၉၃၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။…

ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက ရန်ကုန်တိုင်းဒေသကြီးသို့ Oxygen Concentrator ၊ Ventilator ၊ ECG Monitor ၊ Oximeter တို့အား ပေးအပ်လှူဒါန်း

(၃၀-၁၂-၂၀၂၁ ရက်၊ ကူမင်း) ၁။ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက ရန်ကုန်တိုင်း ဒေသကြီးသို့ တရုတ်ယွမ် ၆ သိန်း ၈ သောင်း…

နီဂီရီဆန်ဘိလန်ပြည်နယ် (Negeri Sembilan State) ဆီရန်ဘန်မြို့ (Serenban City) လင်ဂင်းထိန်းသိမ်းရေးစခန်း (Lenggeng Camp) ရှိ မြန်မာနိုင်ငံသားများအား တွေ့ဆုံစစ်ဆေးခဲ့ခြင်း

မြန်မာသံရုံး ကွာလာလမ်ပူမြို့မှ သံအမတ်ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းအာဏာပိုင်များ​၏ခွင့်ပြုချက်ဖြင့် ၂၁-၁၂-၂၀၂၁ ရက်နေ့တွင် နီဂီရီဆန်ဘိလန် ပြည်နယ် ( Negeri Sembilan State) ဆီရန်ဘန်မြို့ ( Serenban City)  လင်ဂင်းထိန်းသိမ်းရေးစခန်း (…

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား (၄၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

(၂၄-၁၂-၂၀၂၁ ရက်၊ တိုကျို)  အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီးကာကွယ်ရေး အစီအမံ များကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အတွက် (၄၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)…