(၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးကို ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ National Convention Center ၌ ကျင်းပရာ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့များနှင့် မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးမစတင်မီ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
#Reference:PPIB





