(၂၈-၁၁-၂၀၂၆၊ နေပြည်တော်)
(၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးကို ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ National Convention Center ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။
ဦးစွာ CLMV အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် CLMV အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် CLMV အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
#Reference:PPIB









