(၁၆-၁၁-၂၀၁၆၊ ကင်ဘာရာ)
ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ACC) ၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘရူနိုင်းသံရုံးက ဦးဆောင်၍ အာဆီယံသံရုံးများ ပူးပေါင်း ပါဝင်သည့် အာဆီယံမိသားစုနေ့ (ASEAN Family Day) ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ တနင်္ဂနွေနေ့တွင် ကင်ဘာရာမြို့ရှိ Lennox Gardens ၌ ကျင်းပခဲ့ရာ ကင်ဘာရာမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ဦးဆောင်သည့် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များသည် အခြားအာဆီယံသံရုံးများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
အဆိုပါအခမ်းအနား၌ မြန်မာသံရုံးအပါအဝင် အာဆီယံသံရုံးများသည် သံရုံးအလိုက် ယာယီပြခန်းငယ်များဖြင့် ရိုးရာအနုပညာလက်ရာ ပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြပြီး လာရောက်ကြည့်ရှုသူများအား ရိုးရာအစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပါသည်။ ထို့အပြင် အာဆီယံသံရုံးများမှ သံတမန်များ၊ မိသားစုဝင်များ၊ ဒေသခန့်ဝန်ထမ်းများအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်နားလည်မှုများ ပိုမိုခိုင်မာလာစေရန် အားကစားပွဲများ ပြုလုပ်ခဲ့ပြီး အနိုင်ရရှိသူများအား သံရုံးအကြီးအကဲများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။


