(၁၁-၁၁-၂၀၂၆၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ရန်ကုန်မြို့အခြေစိုက် ကင်ညာသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူ ဒေါက်တာစောဌေးမြင့်အား ယနေ့ နံနက် ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဒေါက်တာစောဌေးမြင့်က ၎င်း၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခန့်အပ်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ၎င်းအား ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အသိအမှတ်ပြုစာချွန်လွှာကို ပြန်လည်ပေးအပ်သည်။

