(၉-၁၁-၂၀၂၆၊ ကူဝိတ်)
ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥပဒေရေးရာ လက်ထောက်ဝန်ကြီး H.E. Ms. Tahani Rashid Al-Nasser အား ၉-၁၁-၂၀၂၆ ရက် နံနက် ၁၁:၀၀ နာရီတွင် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန် အဆိုပြုထားသည့် သဘောတူညီချက်များ ဆောလျင်စွာ အပြီးသတ်ဆောင်ရွက်နိုင်ရေးတို့အပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။


