(၉-၁၁-၂၀၂၆၊ စင်ကာပူ)
မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်သည် စင်ကာပူနိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံးနှင့် Mahakaruna Buddhist Society (Singapore) တို့မှ ပူးပေါင်းကြီးမှူး၍ ၈-၁၁-၂၀၂၆ ရက်နေ့တွင် Expo Hall ၌ ကျင်းပသည့် သင်္ကန်းကပ်လှူပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ သံဃာတော်များနှင့် သီလရှင် အပါး (၅၀၀) ကျော်တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မှ တွဲဖက်ပါမောက္ခ၊ ဒေါက်တာဘဒ္ဒန္တကောဏ္ဍညနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မှ ကထိက ဒေါက်တာဘဒ္ဒန္တပညာဝံသတို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်သည် မြန်မာနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းသော သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော်များအား ဆပ်ကပ်လှူဒါန်းပူဇော်ခဲ့ပါသည်။


