(၃၀-၁၀-၂၀၂၆၊ ပရာ့ဂ်)
မြန်မာသံရုံး၊ ပရာ့ဂ်မြို့၏ သံရုံးယာယီတာဝန်ခံ ဒေါ်ဖြိုးသူဇာအောင် သည် ချက်သမ္မတနိုင်ငံ သမ္မတ H.E. Petr Pavel ၏ ဖိတ်ကြားချက်အရ ပရာ့ဂ်ရဲတိုက် (Prague Castle) ၌ ကျင်းပပြုလုပ်ခဲ့သည့် ချက်သမ္မတနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် တရားဝင် အခမ်းအနားများသို့ သံတမန်အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပရာ့ဂ်ရဲတိုက်ရှိ Rothmayer Hall ၌ ချက်သမ္မတ H.E. Petr Pavel နှင့် ဇနီးဖြစ်သူ Mrs. Eva Pavlová တို့ တည်ခင်း ဧည့်ခံသည့် သံတမန်ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသည် ချက်သမ္မတ နိုင်ငံဆိုင်ရာ သံတမန်အဖွဲ့အစည်းများ၏ အကြီးအကဲများအနေဖြင့် ချက်သမ္မတနိုင်ငံ သမ္မတနှင့် ပြည်သူများထံ အမျိုးသားနေ့ နှုတ်ခွန်းဆက်စကားများ ပေးပို့နိုင်ရန် အခွင့်အလမ်းကောင်း တစ်ရပ်ကို ဖန်တီးပေးနိုင်ခဲ့ပါသည်။
ထို့ပြင် သံရုံးယာယီတာဝန်ခံ ဒေါ်ဖြိုးသူဇာအောင်သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ပရာ့ဂ်ရဲတိုက်ရှိ သမိုင်းဝင် Vladislav Hall ၌ ကျင်းပပြုလုပ်ခဲ့သည့် ချက်သမ္မတနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် စုဝေးပွဲနှင့် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသည် ချက်သမ္မတနိုင်ငံအတွက် နယ်ပယ်ကဏ္ဍပေါင်းစုံမှ ထူးချွန်ပြောင်မြောက်စွာ ပံ့ပိုးကူညီခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားလည်းဖြစ်ပါသည်။



