(၂၄-၉-၂၀၂၆၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် AMATA Corporation Public Company Limited ၏ Chief Marketing Officer နှင့် Yangon AMATA Smart and Eco City Ltd., ၏ Managing Director ဖြစ်သူ Mr. Yasuo Tsutsui ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် Yangon AMATA Smart and Eco City (YASEC) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေနှင့်စပ်လျဉ်း၍ AMATA Corporation Public Company Limited မှ တင်ပြဆွေးနွေးခဲ့ပြီး စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အလားအလာကောင်းများကို ရှာဖွေဖော်ထုတ်နိုင်ရေး နှစ်ဖက်အမြင်ချင်းဖလှယ်ခဲ့ကြသည်။ AMATA Corporation Public Company Limited ဘက်မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်ဆဲကိစ္စရပ်များအပေါ် အခြေခံကာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားရန် ဆန္ဒရှိမှုကိုလည်း ဖော်ပြခဲ့သည်။


