(၃-၁၂-၂၀၂၅ ရက်၊ ချုံချင့်)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့၊ စီချွမ်းပြည်နယ်နှင့် ဟူပေပြည်နယ်များ သို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့တွင် ၃-၁၂-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) (နံနက် ၀၉: ၃၀ အချိန်မှ ၁၇: ၃၀ အချိန်အထိ) မဲရုံ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ချုံချင့်မြို့၊ စီချွမ်းပြည်နယ် ချန်ဒူးမြို့နှင့် ဟူပေပြည်နယ် ဝူဟန်မြို့တို့တွင် ရောက်ရှိနေကြသည့် မဲဆန္ဒရှင်မြန်မာနိုင်ငံသားများ လာရောက်၍ ဆန္ဒမဲပေးခဲ့ကြပါသည်။
ကြိုတင်မဲဆန္ဒပေးခြင်းအား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့တွင် ၃-၁၂-၂၀၂၅ ရက်မှ ၄-၁၂-၂၀၂၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


