အာဆီယံကော်မတီကူဝိတ်၏ သံအမတ်ကြီးအဆင့်အစည်းအဝေးသို့ မြန်မာသံအမတ်ကြီးတက်ရောက် (၅-၂-၂၀၂၅ ရက်)

(၅-၂-၂၀၂၅ ရက်၊ ကူဝိတ်)

 ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ကူဝိတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Ekapol Poolpipat မှ ဦးဆောင်၍ ၎င်းနေအိမ်၌ ၂၀၂၅ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် အာဆီယံကော်မတီကူဝိတ် (ASEAN Committee Kuwait-ACK)၏ သံအမတ်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၌ ACK အလှည့်ကျဥက္ကဋ္ဌ ထိုင်းသံအမတ်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ACK ၏ လှုပ်ရှားမှုများနှင့် အခန်းကဏ္ဍကိုပိုမိုမြှင့်တင်နိုင်ရန်အတွက် ကူဝိတ်၌ရှေ့ဆက် ဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးအပြီး၌ ထိုင်းနိုင်ငံသံအမတ်ကြီးက အာဆီယံသံအမတ်ကြီးများကို နေ့လယ်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။ 

************************************