သီရိလင်္ကာနိုင်ငံ၏ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၅-၂-၂ဝ၂၅ ရက်)

(၅-၂-၂ဝ၂၅ ရက်၊ ကိုလံဘို)

 သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ၄-၂-၂ဝ၂၅ ရက် (အင်္ဂါနေ့)တွင် ကိုလံဘိုမြို့ လွတ်လပ်ရေးရင်ပြင်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သီရိလင်္ကာသမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သီရိလင်္ကာပြည်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။ ထို့အပြင် သီရိလင်္ကာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ/ အဆင့်မြင့် ကော်မရှင်နာများနှင့်အတူ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်လည်း ပါဝင်တက်ရောက်ခဲ့သည်။

 အခမ်းအနားကို သီရိလင်္ကာနိုင်ငံတော်အလံလွှင့်တင်ခြင်း၊ သီရိလင်္ကာနိုင်ငံတော်သီချင်းဖြင့် အလေးပြုခြင်းတို့ဖြင့် စတင်ခဲ့သည်။ ထို့နောက် သမ္မတ H.E. Anura Kumara Dissanayake က မိန့်ခွန်းပြောကြားခြင်း၊ လုံခြုံရေးတပ်ဖွဲ့များက ချီတက်အလေးပြုခြင်း၊ ယဉ်ကျေးမှုအဖွဲ့များက ကပြဖျော်ဖြေခြင်း စသည်တို့ ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

*********************************