(၂၂-၁-၂၀၂၅ ရက်၊ စင်ကာပူ)
မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဇော်ဇော်စိုးမှ စင်ကာပူနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Tran Phuoc Anh အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်၊ နံနက် ၁၀၀၀ နာရီတွင် မြန်မာသံရုံး၊ စင်ကာပူမြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြနမာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်သွားရေး၊ အာဆီယံအဖွဲ့နှင့် စင်ကာပူနိုင်ငံ၏ အခန်းကဏ္ဍ၊ နှစ်နိုင်ငံ သံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ သံရုံးယာယီတာဝန်ခံ က လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
*************************************

