နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သီရိလင်္ကာလွှတ်တော်အမတ်များအား လက်ခံတွေ့ဆုံ(၂၉-၅-၂၀၂၄ ရက်)

(၂၉-၅-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံမှ လွှတ်တော်အမတ်များဖြစ်သည့် မစ္စတာ ဆူဂျစ် ဆန်ဂျာရာ ပီရဲရား၊ မစ္စတာ ဂျေ စီ အလာဝါသူဝါလာနှင့် မစ္စတာ ဝါဆန်သာ ယာပါ ဘန်ဒါရာ တို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်၊ (၁၁၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။​ထိုသို့တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရေး၊ မြန်မာနိုင်ငံရောက် သီရိလင်္ကာနိုင်ငံသားများအတွက် ကောင်စစ် ဆိုင်ရာ အကူအညီပေးနိုင်ရေးကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

*******************************************